မီးလျှံများ ဖုံးလွှမ်းနေသော ကောင်းကင် (တိုက်တွန်း တောင်းဆိုချက် စာတမ်းတို)

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုနောက်ကွယ်မှာရှိတဲ့ လေတပ်စခန်းတွေ၊ လေယာဉ်ဆီ ရရှိနေတဲ့ ကွင်းဆက်နဲ့ ဘဏ္ဍာရေးကွန်ရက် တွေအပြင် အစိုးရတွေ၊ ကုမ္ပဏီတွေ၊ အာမခံကုမ္ပဏီတွေနဲ့ အာဆီယံနိုင်ငံတွေအနေနဲ့ ဒီကွန်ရက်တွေကို ဖြတ်တောက်ဖို့ လုပ်ဆောင်ရမည့်အချက်တွေကို လေ့လာနိုင်ပါပြီ။

လေယာဉ်ဆီကို ဖြတ်တောက်ပါ။ လေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့်ပါ။

လေကြောင်းတိုက်ခိုက်မှုတိုင်းအတွက် လေယာဉ်ဆီ အဓိက လိုအပ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူများ သေဆုံးနေချိန်မှာ နိုင်ငံတကာ လေယာဉ်ဆီ ထောက်ပံ့ရေးကွန်ရက်တွေကတော့ စစ်အုပ်စုရဲ့ လေယာဉ်တွေ ပျံသန်းနိုင်ဖို့ လိုအပ်တဲ့ လေယာဉ်ဆီတွေကို ဆက်လက်ထောက်ပံ့ပေးနေပါတယ်။

၂၀၂၆ စက်တင်ဘာ ၂၈ ရက်မှာ စစ်အုပ်စုဟာ ကျောက်တော်မြို့ရှိ ကစ္ဆပနဒီဈေးနဲ့ ကစ္ဆပနဒီတံတားကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား အနည်းဆုံး ၅၀ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ ကိုးလအရွယ် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးနဲ့ အတူ မီးဖွားနေစဉ် ဝမ်းတွင်းမှ ထွက်လာဆဲ ကလေးငယ်လဲ မီးလောင်သေဆုံးခဲ့ပါတယ်။

မြန်မာစစ်အုပ်စု ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေထဲမှာ အဆိုးရွားဆုံး အရစ်စက်ဆုံး သေဆုံးမှုတခုအဖြစ် သမိုင်းမှာ ကျန်ရစ်ခဲ့ပါပြီ။

ယခုစာတမ်းတိုထဲမှာ –

🔴 ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာလုယူချိန်မှစပြီး လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ် ၇,၉၅၅+ ကြိမ်ကျော် ( ၃၀ စက်တင်ဘာလ ၂၀၂၆ ထိ)

🔴 လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၄,၉၀၉ ဦးကျော် သေဆုံးခဲ့တဲ့အကြောင်း

🔴 သုတေသနကာလ သုံးလအတွင်း လေယာဉ်ဆီ ဂါလန် ၃.၉ သန်းကျော် အသုံးပြုမှု

🔴 ဒီလေယာဉ်ဆီအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းနီးပါး သုံးစွဲခဲ့တာ

🔴 နာရီပေါင်း ၈၈၇၁ နာရီကျော်ကြာ လေယာဉ်ပျံသန်းချိန်

🔴 တရက် (၂၄ နာရီ) မှာ လေယာဉ် ၂၅စီး ပျံသန်း၊ တနေ့ ၄နာရီခန့် အသုံးပြု

🔴 အရပ်ဘက်သုံးလေဆိပ် ၇ ခုကို စစ်ရေးလုပ်ငန်းတွေအတွက် အသုံးပြုခဲ့မှု

စတာတွေကို ဖတ်ရှုနိုင်ပါတယ်။

စစ်အုပ်စုရဲ့ လေယာဉ်တွေ ပျံသန်းနိုင်အောင် ဘယ်သူတွေက ကူညီပေးနေကြသလဲ။

လေယာဉ်ဆီတွေဟာဆိုရင် ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ်၊ တရုတ်၊ အိန္ဒိယ၊ အီရန်၊ ဗြိတိန် နဲ့ အခြားနိုင်ငံတွေမှာရှိတဲ့ ကုန်သွယ်ရေးကုမ္ပဏီတွေ၊ သင်္ဘောကုမ္ပဏီတွေ၊ အာမခံကုမ္ပဏီတွေနဲ့ ဘဏ္ဍာရေးကွန်ရက်တွေ ပါဝင်တဲ့ နိုင်ငံတကာ ထောက်ပံ့ရေးကွန်ရက်တွေကတဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာတာ ဖြစ်ပါတယ်။

စစ်အုပ်စု လေယာဉ်ဆီရရှိနေမှု ရပ်တန့်အောင် ဘယ်သူတွေမှာ တာဝန်ရှိလဲ။

🔷နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာစစ်အုပ်စုထံ လေယာဉ်ဆီ ထောက်ပံ့တာနဲ့ သယ်ယူပို့ဆောင်တာတွေ ပြုလုပ်ပေးနေတဲ့ ကုမ္ပဏီတွေကို တားဆီးအရေးယူရပါမယ်။

🔷အာမခံကုမ္ပဏီတွေအနေနဲ့လည်း လေယာဉ်ဆီ ထောက်ပံ့ရေးကွန်ရက်ကို အာမခံပေးခြင်းမှ ရပ်တန့်ရပါမယ်။

🔷အာဆီယံနိုင်ငံတွေအနေနဲ့လည်း မိမိတို့နိုင်ငံမှာရှိတဲ့ ကုမ္ပဏီတွေရဲ့ ပါဝင်ပတ်သက်မှုတွေကို ချက်ချင်းရပ်တန့်စေရပါမယ်။

စစ်အုပ်စုသည် လေယာဉ်ဆီမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နိုင်မည်မဟုတ်ပါ။

“မီးလျှံများ ဖုံးလွှမ်းနေသော ကောင်းကင်” (တိုက်တွန်း တောင်းဆိုချက် စာတမ်းတို) အပြည့်အစုံ

Scroll to Top